(၂၀၁၀)ပြည့်နှစ်၊ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံး ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သည့် ပါရာဂွေး လှပျိုဖြူ လာရီဆာ ရီကွယ်လ်မီးတစ်ယောက် စေ့စပ်လိုက်ပြီ ဖြစ်သည်။ ကံထူးသူ ဂျိုနသန် ဖာဘရိုသည် လာရီဆာကို လက်ထပ်ခွင့် တောင်းဆိုမှုအတွက် လိုက်လျော သဘောတူ ကြည်ဖြူမှုကို ရရှိခဲ့ကြောင်း ပြည်တွင်း သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဖာဘရိုသည် အာဂျင်တီးနား နာမည်ကျော် ဘောလုံးအသင်း ရေးဗားပလိတ်တွင် ကစားနေသူ ဖြစ်သည်။ လာရီဆာက သူမသည် ဖာဘရို၏ လက်ထပ်ခွင့် တောင်းခံမှုကို လိုက်လျော သဘောတူညီခဲ့ကြောင်း ပရိသတ်များထံသို့ Twitterမှတစ်ဆင့် ဝေမျှ အသိပေးခဲ့သည်။

အင်္ဂလန် ကွင်းလယ်လူ ၀ီလ်ရှိင်းယားမှာ ဒိန်းမတ်ကို အနိုင်ရခဲ့သည့် ခြေစမ်းပွဲစဉ်တွင် ခြေခုံရိုးကျိုးခဲ့သည့်အတွက် သီတင်းပတ် ၆ပတ် အနားယူရတော့မည်ဖြစ်သည်။ အင်္ဂလန်က ဒိန်းမတ်ကို ၁-၀ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်၏ ပွဲချိန် ၁၁မိနစ်တွင် ဒိန်းမတ်နောက်ခံလူ အဂ္ဂါ၏ ဖျက်ထုတ်မှုကြောင့် ၀ီလ်ရှိင်းယား ဒဏ်ရာရခဲ့သော်လည်း ပွဲချိန် ၅၉မိနစ်အထိ ဆက်ကစားသွားခဲ့သည်။

 

လာမည့်ရာသီတွင် မန်ယူအသင်း ယူရိုပါလိဂ်ပြိုင်ပွဲ ကစားရပြီး ယူရိုပါလိဂ် လက်မှတ်ခများကို ချန်ပီယံလိဂ် လက်မှတ်ခအတိုင်းကောက်ခံသွားပါက ဆန္ဒပြမည်ဟု မန်ယူ ပရိသတ်များက သတိပေးထားသည်။

ဘာစီလိုနာတွင် ၁၄နှစ်ကြာ ကစားခဲ့သည့် နာမည်ကျော်နောက်ခံလူ ပူယိုးလ်မှာ ယခုရာသီ အကုန်တွင် ဘာစီလိုနာမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အတည်ပြုပြောကြားခဲ့သည်။ အသက် ၁၇နှစ် အရွယ်၌ လူငယ်ပွဲစဉ်(၈၀)ကျော် ကစားခဲ့သည့် ပူယိုးလ်မှာ ၁၉၉၉ခုနှစ်တွင် နည်းပြဗန်ဂေါလ်၏ ဘာစီလိုနာ အသင်းကြီးအတွက် ခေါ်ယူခံခဲ့ရပြီး ဘာစီလိုနာနှင့်အတူ လာလီဂါဖလား (၆)လုံး၊ ချန်ပီယံလိဂ်ဖလား(၃)လုံး၊ စပိန်ဘုရင့်ဖလား(၂)လုံး၊ ဥရောပစူပါဖလား(၂)လုံး၊ ကမ္ဘာ့ကလပ်ချန်ပီယံဖလား(၂)လုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

အင်တာနက်ရေစီးနဲ့အတူ လူမှုဆက်သွယ်ရေး ကွန်ယက် သုံးစွဲသူ လှိုင်လှိုင်ပေါ်လာတဲ့အချိန်မှာ အောင်မြင်ကျော်ကြား သူတွေနဲ့ သူတို့ ပရိသတ်တွေ ဆက်သွယ်ဖို့ ပိုမိုလွယ်ကူလာခဲ့တာက ကောင်းတဲ့ အချက်ဆိုရင် ဟာဇတ် ကြုံခဲ့ရတာက ဘေးထွက်ဆိုးကျိုး တစ်ရပ်လို့ ပြောရပါလိမ့်မယ်။ ချဲလ်ဆီး ကွင်းလယ်လူ ဟာဇတ်ရဲ့ Fans page မှာ ပရိသတ် ၁သန်းကျော်ရှိပြီး မနေ့ညက အခြေအနေကတော့ တကယ့်ကို ရုတ်ရုတ်သဲသဲပါ။

 

ဒီနေ့ည ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ရှူရာလီရဲ့ ဟက်ထရစ်ဂိုးကြောင့် ချဲလ်ဆီးအသင်း လန်ဒန်ဒါဘီမှာအနိုင်ရခဲ့ပေမယ့် အာဆင်နယ် ကတော့ giant killer လို့ခေါ်ရမယ့် စတုတ်စီးတီးကို ပင်နယ်တီ ဂိုးကြောင့် ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီအတွက်ကြောင့် ပွဲစဉ်(၁၀)ပွဲ ကစားဖို့ကျန်နေချိန်မှာ အာဆင်နယ်ဟာ အမှတ်ပေးဇယား ဦးဆောင်သူ ချဲလ်ဆီးနဲ့ လေးမှတ်ကွာ အနေအထား ရောက်သွားခဲ့ပါတယ်။

<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Page 4 of 33
You are here:   HomeSports