ဆွမ်ဆီး အသင်းသည် လာမည့် နွေရာသီတွင် ဘတ်တစ် အသင်း၏ ကွင်းလယ် ကစားသမား ကားနက်စ်အား ခေါ်ယူရန် သဘော တူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။ ကားနက်စ်နှင့် ဘတ်တစ် အသင်းတို့ ချုပ်ဆို ထားသည့် စာချုပ် သက်တမ်းမှာ ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည် ဖြစ်သောကြောင့် ဆွမ်ဆီး အသင်းမှ ယင်းအား အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ နိုင်ခဲ့ ခြင်းလည်း ဖြစ်သည်။ ဘတ်တစ် အသင်း၏ လူငယ် ကစားသမား ဘ၀မှ အသင်းကြီး အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည့် ကားနက်စ်သည် ပုံမှန် ပွဲထွက် ကစားခွင့် ရနေသူ ဖြစ်ပြီး လာလီဂါ ပွဲစဉ် (၃၁)ပွဲတွင် (၂၄)ပွဲထိ ပါဝင် ကစား ထားသူ ဖြစ်သည်။

ပြီးခဲ့တဲ့တစ်ပတ် ပွဲစဉ် ၇ မှာတော့ ရန်ကုန်၊ ဇေယျာရွှေမြေတို့ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပြီး ရန်ကုန်အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ကမ္ဘောဇ အသင်းက အမှတ်ပေးဇယား ဒုတိယနေရာထိ တက်လှမ်းလာ နိုင်ပါတယ်။   ဒီတစ်ပတ်မှာလဲ ရန်ကုန်အသင်းက မကွေး၊ ဇေယျာရွှေမြေအသင်းက နေပြည်တော်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ ရန်ကုန်၊ ဇေယျာရွှေမြေတို့ ပွဲကြပ်ချိန်မှာ ကမ္ဘောဇအသင်းက အိမ်ကွင်းမှာ ဇွဲကပင်အသင်းနဲ့ပဲ ကစားရမှာဖြစ်တယ်။ ပွဲစဉ်တွေ အားလုံးအပြီး ဇေယျာရွှေမြေ အသင်းကပဲ အမှတ်ပေးဇယား ထိပ်ဆုံးကို ဆက်လက်ဦးဆောင်နိုင်မှာလား၊ ကမ္ဘောဇအသင်းကပဲ ဇယား ထိပ်ဆုံးကို တက်ရောက်နိုင်မလားဆိုတာ

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို နပန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းနားကို ဧပြီ ၅ ရက်(ယနေ့) နံနက် ၁၁း၃၀ နာရီက ရန်ကုန်မြို့၊ သိမ်ဖြူ အားကစားကွင်း၌ ကျင်းပခဲ့သည်။  ဖွင့်ပွဲ အခမ်းအနားသို့ အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်၊ ပါဝင်ယှဉ်ပြိုင်ကြမည့် အရှေ့တောင်အာရှနိုင်ငံများမှ ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်/နည်းပြများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အားကစား ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးသောင်းထိုက်က ယခုပြိုင်ပွဲတွင် လက်ရွေးစင် ကစားသမားများ အတွေ့အကြုံ ကောင်း ကောင်းရရှိစေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

ပေါင်ဒဏ်ရာကြောင့် ၀ဲလ်ကော့မပါဝင်နိုင်တဲ့ အခုပွဲမှာ ရိုဆစ်စကီးက အာဆင်နယ်အတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ (၄-၃-၃) ကစားကွက်နဲ့ ပွဲထွက်လာတဲ့အာဆင်နယ်ဟာ ပွဲအစ ၈မိနစ်မှာပဲ ရိုဆစ်စကီးရဲ့ကန်ချက်နဲ့ စတင်ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ နောက် ၄မိနစ် အကြာမှာ ခရစ္စဘရန့်ရဲ့ထောင့်ကန်ဘောကနေ ဂျက်ကော့ခေါင်းတိုက်ခဲ့ပြီး ဂိုးစည်းပေါ်ကနေ ရိုဆစ်စကီး ရှင်းထုတ်သွားနိုင်ခဲ့လို့ အာဆင်နယ်တို့ စောစောစီးစီး အဖွင့်ဂိုးမပေးခဲ့ရတာပါ။

အေစီမီလန် အသင်းသည် ကျူပီအာ အသင်း ဂိုးသမား ဆီးဆာအား လက်မှတ်ထိုး ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု Goal.comမှ ဖော်ပြခဲ့သည်။ ပြီးခဲ့သော နွေရာသီက အင်တာမီလန် အသင်းမှကျူပီအာသို့ ပြောင်းရွှေ့ လာခဲ့ သည့် အသက် (၃၃)နှစ် အရွယ်ရှိ ဆီဆာမှာ လက်စွမ်းပြ နိုင်သော်လည်း သူ၏ ကလပ် တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး တန်းဆင်း ခဲ့ရပါက သူ၏ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင်ခွင့်ရရန် မျှော်လင့် ချက်မှာ မှေးမှိန်သွားနိုင် သောကြောင့် စီးရီးအေသို့ ပြန်လည် ခြေချရန် စီစဉ်နေခြင်း ဖြစ်သည်။

အေစီမီလန် အသင်း၏ တိုက်စစ်မှူး ဖြစ်သူ အယ်လ်ရှာရာဝီမှ ပြီးခဲ့သော ဇန်န၀ါရီက အသင်းသို့ အသစ် ရောက်ရှိလာခဲ့သည့် ဘာလော့ တယ်လီကြောင့် သူ၏ခြေစွမ်း ကျဆင်း သွားလိမ့်မည် မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုခဲ့သည်။ အသက် (၂၀) အရွယ်ရှိ အယ်လ်ရှာ ရာဝီမှာ ယခုနှစ် ရာသီအစ အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့ပြီး တိုက်စစ် မှူးကောင်း တစ်ယောက်၏ ခြေစွမ်းမျိုးကို ပိုင်ဆိုင် ခဲ့သော်လည်း ဆောင်းရာသီ အားလပ်ရက် အပြီးပြန်လည် ကစားချိန်တွင် ခြေစွမ်း ကျဆင်း သွားခဲ့ပြီး ခြေစွမ်း ပြနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ပြီးခဲ့သော စီးရီးအေ (၁၂)ပွဲ အတွင်း (၂)ဂိုးသာ သွင်းယူနိုင်ခဲ့သည့် အယ်လ်ရှာရာဝီမှ

<< Start < Prev 24 25 26 27 28 29 30 31 32 33 Next > End >>
Page 33 of 33
You are here:   HomeSports