ဆွမ်ဆီးမှာ၎င်းတို့၏နည်းပြ လောက်ဒရပ် ကိုရာထူးမှထုတ်ပယ်လိုက်သည်။
လောက်ဒရပ်သည် ရော့ဂျာထွက်ခွာသွားပြီးနောက် ဆွမ်ဆီးအသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ရာသီက ဆွမ်ဆီးအသင်းအတွက် ကက်ပီတယ်ဝမ်းဖလား ဆွတ်ခူးပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၉)နေရာတွင် ရပ်တည်နိုင်စေခဲ့သည်။
ချဲလ်ဆီးနည်းပြ မော်ရင်ဟိုက မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပြင်းပြင်းထန်ထန်စိန်ခေါ်နိုင်စွမ်းမရှိသေးကြောင်း မန်စီးတီးကို အနိုင်ရသောပွဲအပြီးပြောကြားခဲ့သည်။ ချဲလ်ဆီးမှာ အီဗန်နိုဗစ်၏ ၂၄ကိုက်ကန်ချက်ဖြင့် မန်စီးတီးကို အနိုင်ရရှိခဲ့ပြီး တန်ပြန်တိုက်စစ်မှတစ်ဆင့် မန်စီးတီးကို အကောင်းဆုံးဒုက္ခပေးနိုင်ခဲ့သည်။ ယင်းနိုင်ပွဲကြောင့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် ရမှတ်တူသွားခဲ့သော်လည်း ဂိုးကွာခြားချက်ကြောင့် အဆင့်(၃)နေရာ၌သာ ဆက်ရှိနေခဲ့သည်။ သို့သော် မော်ရင်ဟိုက အာဆင်နယ်နှင့် မန်စီးတီးတို့သာ ပရီးမီးယားလိဂ် ချန်ပီယံစာရင်းဝင်သည်ဟု သုံးသပ်ခဲ့သည်။
ဒီအဖြစ်အပျက်ကတော့ ဘိုလော့နာအသင်းတာဝန်ရှိသူတွေမေ့တတ်လွန်းလှတယ် လို့ ပြောရမလိုပါပဲ။ ဘရာဇီးကလပ်ကိုရင်သီယန် ကစားသမား အစ်ဘ်ဆန်ဟာ ဘိုလော့နာကို ပြောင်းဖို့ သဘောတူညီမှု ရရှိခဲ့ပြီးသားဖြစ်လို့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးတဲ့နောက်မှာ အီတလီမြေကို ရောက်ရှိလာခဲ့ပေမယ့် အသင်းတာဝန်ရှိသူ တစ်ယောက်မှ သူ့ကို လာမကြိုခဲ့တာကြောင့် လေဆိပ်မှာ
ယောင်ချာချာဖြစ်ခဲ့ရပါတယ်။
ဘီလ်ဘာအိုနှင့် တစ်ဂိုးစီသရေကျခဲ့ သည့်ပွဲတွင် ရော်နယ်ဒိုကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည့် ကွင်းလယ်ဒိုင် အီဇာ၏ဆုံးဖြတ်ချက် ပြင်းထန်လွန်းသည်ဟု ရီးရဲလ်နည်းပြ အန်စလော့တီက ဝေဖန်သွားခဲ့သည်။
ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)တွင် မန်ယူ၊ နယူးကာဆယ် စသည့်အသင်းများ ရှုံးပွဲကြုံခဲ့ပြီး ပေါ်လင်ဟို၏ သွင်းဂိုးကြောင့် ဟူးလ်စီးတီးထံမှ စပါးအသင်း သရေတစ်မှတ်ရခဲ့ခြင်း ဖြစ်သည်။ ဗန်ပါစီ၊ ရွန်နီ၊ မာတာတို့ဖြင့် ပွဲထွက်လာသော မန်ယူသည် စတုတ်စီးတီး ဂိုးသမား ဘီဂိုဗစ်ကို ခြိမ်းခြောက်နိုင်သည့် ထိုးဖောက်မှုများ မလုပ်နိုင်ခဲ့ဘဲ ပွဲချိန် ၃၈မိနစ်တွင် ပြစ်ဒဏ်ဘောမှတစ်ဆင့် စတုတ်စီးတီး ကွင်းလယ်လူ ချာလီအဒမ် ကန်သွင်းယူသည့်ဘောလုံး ကာရစ်နှင့်ထိ၍ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့သည့်အတွက် မန်ယူ အဖွင့်ဂိုး ပေးခဲ့ရသည်။
အိမ်ကွင်းမှာ ဗလင်စီယာကို ရှုံးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာဟာ ၂၀၁၂ခုနှစ်နောက်ပိုင်း လာလီဂါ အမှတ်ပေးဇယားထိပ်ကနေ
ဆင်းပေးရတော့မှာဖြစ်ပြီး ဒီညပွဲစဉ်တွေမှာ အက်သလက်တီကို၊ ရီးရဲလ်တို့ အနိုင်ရမယ်ဆိုရင် တတိယနေရာကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ်(၂၅)ပွဲ ဆက် အနိုင်ရခဲ့တဲ့ ဘာကာဟာ (၃၁)ပွဲဆက် ရှုံးပွဲမရှိခဲ့ပေမယ့် ဗလင်စီယာနဲ့ပွဲမှာ ကစားခဲ့တဲ့ ခြေစွမ်းပိုင်းကို ပိုင်းခြားကြည့်မယ်ဆိုရင်တော့ ခံစစ်ပိုင်း အားနည်းမှုကို အတိုင်းသားမြင်တွေ့ရနိုင်ပါတယ်။
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |