မာဆေးဆိုဒ်ဒါဘီပွဲမှ အကြွေစေ့ကိစ္စကို ရဲတပ်ဖွဲ့စစ်ဆေးနေလီဗာပူးက အဲဗာတန်ကို လေးဂိုးပြတ် အနိုင်ရခဲ့သည့် မာဆေးဆိုဒ်ဒါဘီပွဲစဉ် ပထမပိုင်းတွင် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်ကို အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့သည့် အဲဗာတန်ပရိသတ်များကို ဒေသခံ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ ပွဲချိန် မိနစ် ၂၀တွင် ဆွာရက်ဇ် ထောင့်ကန်ဘော ကန်တင်ရာ၌ အကြွေစေ့ဖြင့် ပစ်ပေါက်ခဲ့ပြီး ထိုပွဲစဉ်တွင် အကြွေစေ့ ပစ်ပေါက်မှု ၁၂ကြိမ် ရှိနိုင်သည်ဟု ဒေးလီးမေးလ်မှဖော်ပြထားသည်။

 

ဒဏ်ရာပြဿနာကြောင့် သီတင်းပတ် ၇ပတ်ကြာ အနားယူခဲ့ရသည့် မန်ယူတိုက်စစ်မှူး ဗန်ပါစီမှာ ကာဒစ်ဖ်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သောပွဲစဉ်တွင် အသင်းအတွက် ပွဲထွက်ပါဝင်နိုင်ခဲ့ပြီး ပွဲချိန် ၆မိနစ်တွင် ၎င်းအတွက် ၁၁ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးရယူနိုင်ခဲ့သည်။ မန်ယူသည် ဗန်ပါစီ ပါဝင်သည့်ပွဲစဉ်များတွင် ရလဒ်ကောင်း ရရှိသည့် မှတ်တမ်းရှိနေပြီး တစ်ပွဲပျှမ်းမျှ ၂.၂မှတ် ရခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။

 

စီးရီးအေတစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို ပြီးခဲ့သည့် တနင်္လာနေ့က မီလန်မြို့၌ ကျင်းပခဲ့ရာ ဂျူဗင်တပ်အသင်း ဆုအများဆုံးရခဲ့သည်။ ပြီးခဲ့သည့်ရာသီအတွက် တစ်နှစ်တာ အကောင်းဆုံးဆုကို ဂျူဗင်တပ် ကွင်းလယ်လူ ပီယာလို ဆွတ်ခူးသွားခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကို ဂျူဗင်တပ်နည်းပြ ကွန်တီရရှိခဲ့ကာ ဒုတိယဆုကို မွန်တဲလား(ဖီအိုရင်တီးနား)၊ တတိယဆုကို အယ်လီဂရီ (အေစီမီလန်နည်းပြဟောင်း)တို့ ရရှိခဲ့သည်။

 

မန်ယူမှာ အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်နေသည့် ၀ိန်းရွန်နီကို စံချိန်တင်လစာ ပေးချေ၍ စာချုပ်သက်တမ်းတိုးမြှင့်ရန် နီးစပ်နေကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။ ရွန်နီမှာ ပြီးခဲ့သည့် အပြောင်းအရွှေ့ကာလအတွင်း ချဲလ်ဆီး၏ ကမ်းလှမ်းမှု ခံခဲ့ရသူဖြစ်ပြီး ၎င်းအတွက် ကမ်းလှမ်းမှုများကို မန်ယူမှ ငြင်းပယ်ခဲ့သည်။ သို့သော် ယခုအခါတွင် မန်ယူမှ မာတာကို စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး အသင်း၏ စီမံကိန်းများကို ကျေနပ်လာသည့် ရွန်နီအနေဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် လက်ခံခဲ့ခြင်းဖြစ်သည်။

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲကို ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့ရာ ဆွစ်ဇာလန် တင်းနစ်သမား ဝေါ်ရင်ကာက ကမ္ဘာ့အဆင့်(၁) စပိန်တင်းနစ်သမား နာဒယ်ကို ၆-၃၊ ၆-၂၊ ၃-၆၊ ၆-၃ဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၄ ခုနှစ် တင်းနစ်ရာသီ၏ ပထမဆုံး ဂရင်းစလင်းပြိုင်ပွဲဖြစ်သည့် သြစတြေးလျအိုးပင်းတွင် ချန်ပီယံဖြစ်ခဲ့ခြင်းမှာ ဝေါ်ရင်ကာအတွက် ပထမဆုံးဂရင်းစလင်း ဆုဖလားဖြစ်လာခဲ့သည်။ ချန်ပီယံဖြစ်ခဲ့သည့် ဝေါ်ရင်ကာ၏ သြစတြေးလျ အိုးပင်းတွင် ထူးခြားမှတ်တမ်းများကို ဖော်ပြလိုက်ပါသည်။

 

အက်ဖ်အေဖလား ပဉ္စမအဆင့် မဲခွဲမှုများတွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်း အချင်းချင်း တွေ့ဆုံနေသည့် ပွဲစဉ်များ ပါဝင်နေသည်။ စတုတ္ထအဆင့်ပွဲစဉ်တွင် ဘာနီမောက်ကို နှစ်ဂိုးပြတ် အနိုင်ရခဲ့သည့် လီဗာပူးမှာ အာဆင်နယ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး စတုတ်စီးတီးကိုကျော်ဖြတ်နိုင်ခဲ့သည့် ချဲလ်ဆီးမှာ မန်စီးတီးနှင့် တွေ့ဆုံနေသည်။ အဆိုပါပွဲစဉ်များကို ဖေဖော်ဝါရီ ၁၅၊ ၁၆ရက်များတွင် ကစားကြမည်ဖြစ်ပြီး ချန်ပီယံလိဂ်ပွဲစဉ်များ ကစားရမည့် ကာလအပိုင်းအခြားနှင့် တိုက်ဆိုင်နေသည့်အတွက် အာဆင်နယ်၊ မန်စီးတီးတို့အတွက် ပွဲကြပ်ကာလဖြစ်နေသည်။

<< Start < Prev 2 3 4 5 6 7 8 9 10 11 Next > End >>
Page 7 of 33
You are here:   HomeSports