ဘာစီလိုနာ ဥက္ကဋ္ဌ ရိုဆဲလ်အနေဖြင့် ရာထူးမှနုတ်ထွက်ဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြသည်။ နေမာ၏အပြောင်းအရွှေ့နှင့်
ပတ်သက်၍ စပိန်အထက်တရားရုံးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အတည်ပြုခဲ့ပြီးနောက် ဘာစီလိုနာ ဒုတိယ ဥက္ကဋ္ဌများဖြစ်သည့် ဘာတိုမူနှင့် ဖာရက်စ်တို့မှာ ရိုဆဲလ်၏နေအိမ်သို့ သွားရောက်ကာ လျှို့ဝှက်ဆွေးနွေးခဲ့ကြပြီး ရိုဆဲလ်က ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်တော့မည် ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် ဘာကာအသင်း အရေးပေါ်အစည်းအဝေး ခေါ်ခဲ့ပြီး ရိုဆဲလ်၏နေရာတွင် ဘာတိုမူနှင့် အစားထိုးဖွယ်ရှိနေသည်ဟု သတင်းထွက်ပေါ်လာသည်။
၂၀၁၂ MFF Cup ရှုံးထွက်ချန်ပီယံ ဧရာဝတီအသင်း(ဓာတ်ပုံ - ညီညီစိုးညွန့်)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခု ၂၀၁၄ ရာသီတွင် MFF Cup ရှုံးထွက်ပြိုင်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။MFF သည် ယင်းရှုံးထွက်ပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂၀၁၃ ရာသီတွင် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် နီးကပ်နေမှုကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိဘဲ ယင်းပြိုင်ပွဲအစား MNL Cup ပြိုင်ပွဲကိုသာ ကျင်းပခဲ့သည်။
မန်ယူမှာ ချဲလ်ဆီးတောင်ပံကစားသမား မာတာကို ပေါင် ၃၅သန်းဖြင့် စတင်ကမ်းလှမ်းခဲ့ပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြ
သွားသည်။ ယမန်နေ့က ဒေးလီးမေးလ် ၏ ဖော်ပြချက် တွင် ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်း ပါရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့ လေ့ကျင့်ရေးအစီအစဉ်ကို မာတာ လွဲချော်ခဲ့ပြီးနောက် ၎င်း၏အပြောင်းအရွှေ့သတင်းများ ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာရာတွင် ဘီဘီစီက ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။
မန်ယူမှာ ချဲလ်ဆီးကွင်းလယ်လူ မာတာကို ပေါင်သန်း ၄၀ဖြင့် ကမ်းလှမ်းဖွယ်ရှိနေသည်ဟုသိရသည်။ ဆောက်သမ်တန်နှင့် ကစားခဲ့သည့်ပွဲစဉ် ပွဲချိန် ၅၃မိနစ်တွင် လူစားလဲခံခဲ့ရပြီးနောက် ချဲလ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရတော့သည့် မာတာကို ချဲလ်ဆီးမှလည်း ရောင်းချဖွယ်ရှိနေပြီး၎င်းတို့တောင်းဆိုသည့် ပြောင်းရွှေ့ကြေးအတိုင်း ပေးချေမည်ဆိုပါက အပြောင်း အရွှေ့ ဖြစ်မြောက်လိမ့်မည်ဟုဒေးလီးမေးလ်မှ ဖော်ပြသည်။ မာတာမှာ ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ်(၁၃)ပွဲ ကစားခဲ့ရာတွင် အခွင့်အရေးဖန်တီးမှု ၃၀ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ အရေအတွက်မှာ မန်ယူ ကွင်းလယ်ကစားသမား ၅ဦးပေါင်း၏ ဖန်တီးမှုနှင့် တူညီနေသည်။
၂၀၁၀ ကမ္ဘာ့ဖလားတွင် ပါရာဂွေးအသင်း ဗိုလ်စွဲပါက ၀တ်လစ်စားလစ် အောင်ပွဲခံမည်ဟုပြောခဲ့ဖူးသည့် ပါရာဂွေးမော်ဒယ် လာရီဆာရီကွယ်မီးမှာ ရေးဗားပလိတ် ကွင်းလယ်လူ ဖက်ဘရိုနှင့် စေ့စပ်ခဲ့ကြောင်း သိရသည်။ လာရီဆာနှင့် ဖက်ဘရိုတို့မှာ ၂၀၁၁ခုနှစ်ကတည်းက စတင်ချစ်ကြိုက်ခဲ့ပြီး ၎င်းတို့၏ ချစ်သူသက်တမ်းအတွင်း ဖက်ဘရိုက လာရီဆာ၏သူငယ်ချင်း ပါရဲရားနှင့် ချိန်းတွေ့ခဲ့သည့်အတွက် ပြတ်စဲတော့မည်ဆိုသော သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
၂၀၁၄ ဘောလုံး ရာသီတွင် AFC CUP ၊ မြန်မာ နေရှင်ယ် လိဂ်နှင့် ရှုံးထွက် ဖလား ပြိုင်ပွဲ များကို ၀င်ရောက် ယှဉ်ပြိုင်ရ မည့် ရန်ကုန် ယူနိုက်တက် ဘောလုံး အသင်းမှာ ပြည်တွင်း၊ ပြည်ပ ကစား သမား ၆ ဦးကို ခေါ်ယူပြီး ရာသီကြို ကစား သမား ခေါ်ယူ မှုအား အဆုံး သတ်ခဲ့ကြောင်း သိရှိရ သည်။
မြန်မာ့အလင်းသတင်းစာ |
7 Day News 7Day Sport The Voice Weekly 7Day Shopping Guide Envoy News Pyi Myanmar |
Northern Star Popular News Snap Shots Myanmar News Weeks Daily Sport SoccerMyanmar |
||
IT weekly Yatanarpon Morning Post Shwe Mandalay The Mandalay Times Planet |
Myanmar News Weeks Opportunity Journal HR Journal Good Health Daily Sport 8 Days Journal |
Flower News Journal Popular Journal Net Guide Journal IT weekly Myanmar Special Journal Yatanarpon |
Monitor News Journal Upper Myanmar Journal Hot News Weekly Journal Faces Magazine The Nay Pyi Taw Times Yangon Times Journal |
Myawady News Myawady Sport Myawady Entertainment Myawady Health Myawady Artists Myawady Tech |