တချိန်က သူမဲ့လိုက်သောပုံရိပ်များကို ခဏမေ့လိုက်ကြသည့်အခါ ၂၀၁၄၊ ဇန်န၀ါရီ ၁၄ နံနက်စောစောမှာ သူရှိုက်သိမ်းလိုက်သည့် မျက်ရည်များ၏ အဓိပ္ပာယ်က ပိုမိုပြည့်ဝလာခဲ့မည်ထင်၏။ ၂၀၁၃ ခုနှစ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒို ရရှိသွားသည့်အတွက် ကမ္ဘာ့ဘောလုံးလောက ထိပ်တန်းအဖွဲ့များ ရိုးသားမှု လှေကားတစ်ထစ် တက်လှမ်းနိုင်ခဲ့ပြီ ထင်ပြန်ပါသည်။ ဘောလုံးသမိုင်းတစ်လျှောက် မက်ဆီက အကောင်းဆုံး ကစားသမားဆိုသည့်အချက်ကို ငြင်းရန် မရှိသော်လည်း ၂၀၁၃မှာမူ ရော်နယ်ဒိုအတွက် ပြည့်စုံစွာပွင့်လန်းခဲ့သည့် ပန်းတစ်ပွင့်သာ ဖြစ်နေပါတော့သည်။

မနေ့က အိုမန် နဲ့ မြန်မာပွဲမှာ ကြိုးစားအစွမ်းပြနေတဲ့ ကျော်ကိုကိုရဲ့  ကစားဟန်ဖြစ်ပါတယ်။ ပွဲစဉ်အပြီးမှာ ကျော်ကိုကိုနဲ့ ဂိုးသမား ပြည့်ဖြိုးအောင်(၂)ယောက်ကိုဘဲ အိမ်ရှင်နဲ့ AFC သတင်းသမား တွေတော်တော်များများသတိထားမိသွားကြတယ်ထင်ရဲ့ ၊ဒါ့ကြောင့် ဓာတ်ပုံသတင်းတွေမှာ ဖော်ပြထားကြတယ်။

ဆွမ်ဆီးကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ခြေစွမ်းပြသခဲ့သည့် လူငယ်ကစားသမား အက်ဒ်နန်ဂျနူဇက်ကို မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ချီးကျူးခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် ဘယ်လ်ဂျီယံဖွား လူငယ်ကစားသမားသည် ခြေစွမ်းပြသခဲ့သလို အသင်းအတွက် ဂိုးများကိုလည်း ဒုတိယပိုင်းတွင် အန်တိုနီယို ဗလင်စီယာနှင့် ဒန်နီဝဲလ်ဘက်ခ် တို့က သွင်းယူခဲ့ပြီး ယူနိုက်တက်၏ သုံးပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့သည်။

ယူနိုက်တက် ရရှိသည့် ဂိုးနှစ်ဂိုးစလုံးသည် အသက် ၁၈ နှစ်အရွယ် ဂျနူဇက်၏ ဖြတ်တင်ဘောများမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သောကြောင့် ၎င်း၏ စွမ်းဆောင်မှုအပေါ် အံ့အားသင့်မိကြောင်း ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ဆိုခဲ့သည်။

လီဗာပူး အသင်းခေါင်းဆောင် ဂျရတ်က ဒီနှစ်မှာ ပရီးမီးယားလိဂ်ဖလား ရခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်တစ်ဝက်လောက်ကို တက်တူးပုံတွေ

ဖြည့်မယ်လို့ ပြောထားပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀)ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေပေမယ့် စတုတ်စီးတီးနဲ့ပွဲကို အနိုင်ရခဲ့မယ်ဆိုရင် အဆင့်(၄)နေရာ ပြန်လည် ရယူနိုင်မှာဖြစ်ပါတယ်။

ဒီဇင်ဘာလအတွက် ဘာကလေအကောင်းဆုံးဆုများကို လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်နှင့် မန်စီးတီးနည်းပြ ပယ်လီဂရီနီတို့ ရရှိသွားခဲ့သည်။ ဆွာရက်ဇ်မှာ ဒီဇင်ဘာလအတွင်း ကစားခဲ့သည့်ပွဲစဉ်များတွင် ၁၀ဂိုး သွင်းယူနိုင်ခဲ့ပြီး နောဝစ်ခ်ျနှင့်ပွဲစဉ်တစ်ပွဲအတွင်း (၄)ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ခရစ္စမတ်ကာလက လီဗာပူးကို အမှတ်ပေးဇယားထိပ်တွင် ရပ်တည်နိုင်ရန် အဓိက စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

မန်စီးတီးသည် ပြီးခဲ့သည့်လက ကစားခဲ့သော ပွဲစဉ်များအနက် အာဆင်နယ်၊ လီဗာပူးစသည့် အသင်းများကို အနိုင်ရရှိခဲ့ကာ ပွဲစဉ်(၇)ပွဲတွင် (၆)ပွဲနိုင်၊ (၁)ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည့်အတွက် နည်းပြ ပယ်လီဂရီနီကို တစ်လတာအကောင်းဆုံး နည်းပြဆု ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးမှာ လက်ရှိအချိန်တွင် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ဦးဆောင်နေသည့် အာဆင်နယ်နှင့် တစ်မှတ်သာ ကွာဟပြီး အဆင့်(၂)နေရာရပ်တည်နေနိုင်သည်။

YoYarLay

ခရူဝီ အသင်းသည် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အစီအစဉ် ရှိနေရာ ဥက္ကဋ္ဌ ဒေ့ဗ်ပိုတင်ဂါက ပရိသတ်များအား အသင်းအနေဖြင့် မည်သူ့ကို ဝယ်ယူသင့်ကြောင်း ဆန္ဒပြုစေခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန် လိဂ်ဝမ်းကလပ် အသင်းတစ်ခုဖြစ်သည့် ခရူဝီက အသင်းပရိသတ်များကို အသင်း၏ အရေးပါသော စီမံမှု တစ်ခုတွင် ပါဝင်အကြံပြုခွင့် ပေးလိုက်ကြောင်း သိရသည်။ ခရူဝီ အသင်းသည် ကစားသမားသစ်များ ခေါ်ယူရန်အတွက် အစီအစဉ် ရှိနေရာ ဥက္ကဋ္ဌ ဒေ့ဗ်ပိုတင်ဂါက ပရိသတ်များအား အသင်းအနေဖြင့် မည်သူ့ကို ဝယ်ယူသင့်ကြောင်း ဆန္ဒပြုစေခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်ထဲတွင် ခရူဝီအသင်း ဝင်ရောက်လှုပ်ရှားခြင်း မပြုမီ ပရိသတ်အများစု အလိုရှိသော ကစားသမားကို ပိုတင်ဂါက မေးမြန်းခဲ့ခြင်းဟု သိရသည်။ ခရူဝီ အသင်းကို အားပေးသည့် ပရိသတ်များက Twitterမှတစ်ဆင့် မဲပေးခဲ့ကြပြီး မတ်တက်ဘ်စ်က မဲအများဆုံး ရရှိသွားခဲ့သည်။

<< Start < Prev 4 5 6 7 8 9 10 11 12 13 Next > End >>
Page 9 of 33
You are here:   HomeSports