အင်္ဂလန်အသင်းအနေဖြင့် လာမည့်နွေရာသီ ကမ္ဘာ့ဖလားမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ရမည့် လူးဝစ် ဆွာရက်ကို ထိန်းချုပ်ကစားနိုင်ရေး အစီအစဉ်ကောင်းတွေ ကိုခုကတည်းက လေ့ကျင့်ပြင်ဆင် သင့်ကြောင်းကို စကိုင်းစပေါ့သတင်း ဌာနကို စတီဗင်ဂျရတ်ကပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းသည်၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားတွင် ဥရုဂွေးအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အတွက် ဂျရက်က လီဗာပူး အသင်းဖော် ဆွာရက်အပေါ် ပွဲပြီးချိန်အထိ ရပ်တန့် ထိန်းချုပ်ရခက်တဲ့ ကစား သမားဖြစ်ပြီး လက်ရှိမှာအကောင်းဆုံးခြေစွမ်းရှိနေသည့် ထူးချွန်တဲ့ တိုက်စစ်မှုးအဖြစ် သုံးသပ်မိကြောင်း ကိုပြောခဲ့တာပါ။

၂၀၁၃ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ၁၀၀စာရင်းကို ဂါးဒီးယန်းသတင်းစာမှ

ထုတ်ပြန်ခဲ့ရာတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ထိပ်ဆုံးမှ ရပ်တည်နေကြောင်း သိရသည်။ အဆိုပါစာရင်းတွင် ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ် ကစားသမား (၁၁)ဦးစီ ပါဝင်လာခဲ့ပြီး လိဂ်ပြိုင်ပွဲများအလိုက် ကိုယ်စားပြုကစားသမားစာရင်းတွင် ပရီးမီးယားလိဂ် ကစားသမား(၂၈ဦး) အများဆုံးပါဝင်လာခဲ့သည်။

ဆွမ်ဆီး အသင်း ဧ။် စပိန် လက်ေ၇ွးစင်တိုက်စစ်မှူး သည် ခြေချင်းဝတ် ဒါဏ်ရာ ကြောင်း သီတင်းပတ် ၆ ပတ် ထိ နားရတော့မည် ဖြစ်ကြောင်း သိရသည် ။ ယခုနစ် ရာသီ အစောပိုင်း ကတည်းက ခြေချင်းဝတ် ဒါဏ်ရာ ခွဲစိပ်ကုသ ရနိုင်ဖွယ် ရှိသည်ဟု ပြောကြား ထားသည့် စပိန် လက်ေ၇ွးစင်တိုက်စစ်မှူး သည် ယခုအခါ စကင် ဖတ်ချက်များ အရ တစ်လ ကျော် ကြာသည်အထိ မြက်ခင်း ပြင်နင့် ဝေးကွာ ရတော့မည် ဖြစ်ကြောင်း အတည်ပြု ပေးခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဆွမ်ဆီး နည်းပြ မိုက်ကယ် လောက်ဒရပ် အနေဖြင့် တိုက်စစ်မှူး မိချူး အပြင် နက်သန်ဒိုင်ယာ သည်လည်း ဒါဏ်ရာ ကြောင့် သီတင်းပတ်ပေါင်းများစွား အနားယူရနိုင်ခြေ ရှိသဖြင့် ဇန်န၀ါရီ ဈေးကွက် တွင် တိုက်စစ်မှူး ရှာဖွယ်ရန် ဈေးကွက် အတွင်း သို့ ဝင်ရောက်ရတော့မည် ဖြစ်သည်။

ပြီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို ၁၁ ဂိုး ၁၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်သွင်းမယ်လို့ မြန်မာအသင်း ဘောလုံးနည်းပြက ပြောဆိုကြောင်း Goal အားကစားဆိုင်ရာ အင်တာနက်စာမျက်နှာက ဖေါ်ပြပါတယ်။

အဲဒီပွဲမှာ ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူ Maria Robello နဲ့ သူ့ရဲ့ စည်းကြပ်ဒိုင် နှစ်ဦးရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ် AFC ကို သက်သေအထောက်အထား မှတ်တမ်းမှတ်ရာနဲ့တကွ တိုင်ကြားမှာဖြစ်တယ်လို့ မြန်မာအမျိုးသမီး ဘောလုံးနည်းပြ ကုမဒါ ယိုရှီနီုရီ က ပြောပါတယ်။

ဂီတာဖေးကို (၂)ဂိုး ရှုံးနေရာကနေ (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် ဘာစီလိုနာ တောင်ပံကစားသမား တယ်လို တော်တော်အပျော်လွန် သွားပုံရပါတယ်။ သူတင်တဲ့ပုံကြောင့် Instagram မှာ ပဟေဋ္ဌိဖြစ်ခဲ့ရပြီး ပရိသတ်တွေလည်း တော်တော်ပွဲကျသွားပုံရပါတယ်။ ဒါကြောင့်လည်း ကွန်မန့် ၁၄၁၀ထိ ရှိခဲ့တာပေါ့။ ဂီတာဖေးနဲ့ပွဲအပြီး အ၀တ်လဲခန်းထဲမှာ ဟက်ထရစ်ရှင် ပက်ဒရိုနဲ့ တယ်လိုတို့ ဓာတ်ပုံတွဲရိုက်ကြပြီး ဒီဓာတ်ပုံကို သာမန်ကြည့်မယ်ဆိုရင် နိုင်ပွဲရလို့ သူတို့နှစ်ယောက် ပြုံးပျော်နေတယ်လို့ ပြောရမှာပါ။

ဘဟီယာမှာလုပ်တဲ့ ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှုမှာ အသင်းကြီးတွေ ဘယ်အသင်းနဲ့ ဘယ်အသင်းတွေ့မလဲလို့

ရင်ခုန်ရသလိုမျိုး မစ္စလီမာရဲ့အလှအပနဲ့ ဖက်ရှင်က ရင်ခုန်စရာဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မဲခွဲပွဲအပြီး ဘရာဇီးမော်ဒယ်လေးကို တွစ်တာကနေ စကားပြောတဲ့သူက တစ်စက္ကန့်ကို (၁၀)ယောက်နှုန်းတောင် ရှိခဲ့တာပေါ့။ မစ္စလီမာရဲ့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ထပ်ပြီးမြင်တွေ့ရမှာကတော့ ဇန်န၀ါရီ(၁၃)ရက်နေ့မှာ ကျင်းပမယ့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား
ဆုပေးပွဲ အခမ်းအနားမှာပါ။

<< Start < Prev 5 6 7 8 9 10 11 12 13 14 Next > End >>
Page 10 of 33
You are here:   HomeSports